"Complete Guide to Cartoon Animator"
ကိုယ်ပိုင်ကာတွန်းဇာတ်လမ်းများပုံဖော်ဖန်တီးတတ်ချင်သူများနှင့် MMSA group တွင် animator တစ်ဦးအဖြစ်ဝင်ရောက်လုပ်ကိုင်ချင်သူများအတွက် အဓိကရည်ရွယ်သည်။
ပါ၀င်သော သင်ခန်းစာများ
1. Basic to Adobe Photoshop
2. Basic to Cartoon Animator
3. How to make custom characters
4. Essential tips for Cartoon Animator
5. Basic to Adobe Premiere Pro
6. Footage
7. Assignment
သင်တန်းတက်ရောက်လိုသူများအနေဖြင့် Animation ပညာရပ်သည် computer ဖြင့် အဆင့်မြင့် လေ့လာရမည်ဖြစ်သည့်အတွက် Computer အခြေခံရှိဖို့လိုအပ်ပါသည်။
သင်တန်းကြေး : 40000 MMK
သင်ကြားရေးစနစ်
မိမိအားတဲ့အချိန်လေ့လာနိုင်အောင် Training Video များဖြင့် စီစဉ်ပေးထားပါသည်။ မသိနားမလည်တာတွေကို telegram group ကနေတဆင့် ဆရာနှင့် တိုက်ရိုက်မေးမြန်းပြီး တက်မြောက်သည်အထိသင်ကြားနိုင်ပါသည်။
MMSA group တွင် animator တစ်ဦးအဖြစ်ဝင်ရောက်လုပ်ကိုင်ရန်
(၁) Cartoon Animator 4 ဖြင့် မိမိကိုယ်တိုင်ဖန်တီးပြုလုပ်ထားသော animated story အတိုတစ်ပုဒ်ကို Portfolio အဖြစ်ရှိထားရမည်။
(၂) MMSA group မှ sample အနေဖြင့်ပြုလုပ်ခိုင်သော Project တစ်ခုကို Pass ဖြစ်ရမည်။
(၃) Work From Home လုပ်ကိုင်ရမည် ဖြစ်သောကြောင့် လုပ်ငန်းအတွက် လုံလောက်တဲ့ စက်ပစ္စည်းများနှင့်internetလိုင်းရှိထားသူဖြစ်ရမည်။
(၄) Assign ချပေးထားသော Project များကို Deadline နှင့်အမှီလုပ်ကိုင်နိုင်စွမ်းရှိရမည်။
MMSA - Myanmar Story Animated ကို ၂၀၂၂ခုနှစ်တွင် နိုင်လင်းကျော် မှဦးဆောင်ကာ လူငယ်၊ လူရွယ်များဖြင့်စတင်တည်တောင်ခဲ့သည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်
ဆယ်ကျော်သက် ကလေးများအတွက် သုတနှင့် ရသစုံ ကာတွန်းဇာတ်လမ်းများကို မြန်မာ့အငွေ့အသက်များဖြင့်ပေါင်းစပ်ဖန်တီးကာ ဖျော်ဖြေမှုအဖြစ် အမြဲတင်ဆက်နိုင်စေရန်ဖြစ်သည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်
(၁) မြန်မာနိုင်ငံတွင် animation ကာတွန်း channel များတိုးတက်ပျံ့ပွားရေးနှင့် ပိုမိုကောင်းမွန်သော ကာတွန်းဇာတ်လမ်းများထုတ်လုပ်ဖြန့်ချီနိုင်ရေးဖြစ်သည်။
(၂) Animationထုတ်လုပ်မှုနှင့်ဆိုင်သည့် လုပ်ငန်းဆိုင်ရာအတွေ့အကြုံလိုအပ်နေသော ကြိုးစားလိုသည့် လူငယ်များအား အိမ်ကနေတဆင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ဖြစ်သည်။
(၃) မြန်မာနိုင်ငံတွင် အဆင့်မီ Animation ရုပ်ရှင်ဇာတ်ကားများထုတ်လုပ်ဖြန့်ချီနိုင်ရေးဖြစ်သည်။